Home
Sunday Reading
Ministries
Executive Committee
Liturgy & Worship
Religious Education
Outreach/Evangelization
Music
Social Media
Youth
Prayer Groups
Sunday Reading
Facebook
About
Contact Us
Photo Albums
Events & News
News
Calendar
Payment for this website is past due. To avoid interruption in service,
contact us
today to arrange payment.
|||
Contact Us
Search
Search
Home
Sunday Reading
Ministries
Executive Committee
Liturgy & Worship
Religious Education
Outreach/Evangelization
Music
Social Media
Youth
Prayer Groups
Facebook
About
Contact Us
Photo Albums
Events & News
"ကိုယ်တော်မြတ်ပွဲတော်ကြီး" ဇွန်လ ၆၊ ၂၀၂၁
Home
June
8
,
2021
ဇွန်လ ၆၊ ၂၀၂၁-
Kentucky
ပြည်နယ်
Bowling Green
မြို့ရှိ
မြန်မာကက် သလစ်ဘာသာတူများ "ကိုယ်တော်မြတ်ပွဲတော်ကြီး"ကို စည်ကားစွာကျင်းပ
ကက်သလစ်အသင်းတော်ကြီးကျင်းပသည့် "ကိုယ်တော်မြတ်ပွဲတော်ကြီး"ကို
Owensboro Diocese "
ကက်သလစ် သာသနာအတွင်းရှိ "
Holy Spirit Catholic Church"
စီရင်မှာနေထိုင်ကြသော
Kentucky
ပြည်နည်
Bowling Green
မြို့ရှိ
မြန်မာကက်သလစ်ဘာသာတူများ၏ လစဉ်မြန်မာ
မစ္ဆားတရား
၌
Fr. Stephen Van Lal Than
၏ ဦးဆောင်မှုဖြင့်
Fr. Shijo
နှင့်
Deacon Martin Mana Ling
တို့၏
ပါဝင်ကူညီခြင်းနှင့် ဘာသာတူများ နှင့်အတူ
အောင်မြင်စွာ ကျင်းပကြပါသည်။
မစ္ဆားတရား
မှာ
တရားဒေသနာကို "
Rev. Fr. Stephen Van Lal Than"
ကို မိန့်ကြားပေးသည်။
သူ၏
ဘာသာတူများကို အားပေးသည်မှာ "ဧဒင် ဥယျာဉ် ကြီးမှာ အာဒနှင့် ဧဝ သည်
ဥယျာဉ် အလယ်မှာရှိသော သစ်ပင်၏အသီးကို မစားမစားရ ဟုဘုရားသခင်က
ပညတ်ထားခဲ့သော်လည်း နာမခံသည့်
အတွက်ထိုအသီးကို စားမိကြသဖြင့် ဥယျာဉ် ကြီးကနေ
နှင်ထုတ်ခြင်းခံကြပြီး အို၊ နာ၊ သေခြင်း ကို ရင်ဆိုင်ခဲ့ကြသည် (ကမ္ဘာဦးကျမ်း ၃:၁-၂၄)။
Fr. Stephen Van Lal Than
က ဆက်လက်
ပြောသည် မှာ-ဒီနေ့ ကိုယ်တော်မြတ်ပွဲတော်ကြီးကို
ကျင်းပခြင်းဖြင့် သစ်ပင်ပေါ်မှာ
တွဲလွဲပြီး ကယ်တင်ခြင်း ပေးသည့် လက်ဝါးကားတိုင်၏အသီး ဖြစ်သော ခရစ်တော်သခင်က "
ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက် မုန့်ဖြစ်၏။ ဤမုန့်ကို
စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင် လိမ့်မည်။ ငါပေးသော မုန့်ကား၊
လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသား ပေတည်းဟု မိန့်တော်မူ၏...
ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊
အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ ...ငါ၏အသားကိုစား၍
ငါ၏အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသော နေ့၌
ငါထမြောက်စေမည်... ငါ၏ အသားသည် စားစရာကောင်း၏။
ငါ၏အသွေးလည်းသောက်
စရာကောင်း၏"
ဟု ခရစ်တော်၏စကားကိုပြန်လည်ထောက်ရှုစေခဲ့သည်(
ရှင်ယောဟန် ၆:၅၁-၅၅)။ ထို့ကြောင့် မစား သင့်သော
သစ်ပင်၏အသီးစားပြီးအာဒံနှင့်ဧဝ သေကြသလိုမျိုးမဟုတ်ဘဲ ကျွန်တော်တို့
အယောက်စီ တိုင်းဟာ သစ်ပင်ကားတိုင်၏ အသီးဖြစ်သော
ခရစ်တော်၏အသားတော်နှင့် အသွေးတော်ကို စားသောက်ခြင်းဖြင့်
ထာဝရအသက်ပြန်လည်ရရှိကြကြောင်း၊ ထို့ကြောင့် ကိုယ်တော်မြတ်
စက္ကရမင်တူးကိုဖြစ်သော မိမိ၏ဝိညာဉ်အစာကို
အမြဲပင့်ယူစားသောက် သင့်ကြောင်း
အားပေးသည်။
တစ်ဖက်မှာလည်း ကျွန်တော်တို့၏ ဝိညာဉ်ရေး အတွက် ဦးဆောင်ခဲ့သူဖြစ်သလို တစ်ခြားစီရင်စုကို ပြောင်းရွေ့တော့ မည့်
Rev. Fr.
Shijo
ကလည်း မြန်မာဘာသာ တူများကို အချင်းချင်း ဆုတောင်း
ပေးကြဖို့သော်လည်းကောင်း၊ မည်သို့ပင်နေရာအရ ဝေးကွာကြသော် လည်း ကိုယ်တော်မြတ်
စက္ကရမင်း တူးအားဖြင့် တစ်လုံးတစ်ဝတည်းရှိ ကြကြောင်း
နှင့်အားပေး စကား
ပြောသည်။
Rev. Fr.
Shijo
ဘာသာတူများကိုကြိုဆိုစဥ်
အထူး
ဧည့်သည်တော် လည်းဖြစ်၊ လွန်ခဲ့သည့် (၉) နှစ်တုန်းက
Bowling Green, KY
မှာ ပထမဆုံး ရောက်လာ
ခဲ့ကြသည့် မြန်မာဘာသာတူများကို အနီးကပ်
စောင့်ရှောက်ပြီး ကူညီခဲ့သူ
Rev. Fr. Steve Hohman"
ကလည်း
(၉) နှစ်သာ
အတွင်း
မြန်မာဘာသာတူအရေအတွက်ဟာ အိမ်ခြေ (၃၀) ဝန်းကျင်မှ အခု အိမ်ခြေ (၁၆၀)
ကျော်အထိ တိုးတက်လာသည့်အပေါ်အလွန်ပင် ဝမ်းသာအားရ
ကြောင်း၊ ဤကဲ့သို့
ခက်ခဲမှုတွေ ရှိခဲ့သော်လည်း အခု မြန်မာနိုင်ငံသား
Rev. Fr. Stephen Van Lal Than
နှင့်
Deacon Martin Mana Ling"
တို့
ကိုယ်တိုင်က
မြန်မာဘာသာတူများကိုပြန်လည်ကြည့်ရှုစောင့်ရှောက်
နေသည့်အဖြစ်ကို
ဝမ်းသာ
အားရမိကြောင်း၊ ဆက်လက်ပြီး စည်းလုံးပြီးဘုရားသခင်အတွက်
ကောင်းစွာအသက်ရှင်သော ဘာသာတူများဖြစ်ဖို့ အားပေးသည်။
နိဂုံးချုပ် အနေဖြင့် မစ္ဆားတရားတော်ြမတ်အပြီးမှာ လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီး "
Fr. Stephen Van Lal Than"
မှ မြန်မာဘာသာတူများအတွက်မည်ကဲ့သို့
တိုးတက်လာအောင်ပြု
လုပ်သည့် အစီအစဉ်များကို ဝေမျှပေးခြင်း၊
မိမိတို့အယောက်စီတိုင်းလည်း မြန်မာအဖွဲ့အစည်း
(
Myanmar Community)
မှာ
တက်ကြွစွာပါဝင်လာကြဖို့ အခွင့်အလမ်းများကို ပြောပြခြင်း၊
နောက်ဆုံး
ဘာသာတူအားလုံးအပေါ် ကောင်းကြီးပေးခြင်းဖြင့်
ကိုယ်တော်မြတ်ပွဲတော်ကြီးနှင့် လစဉ်ပြုလုပ်သော
မြန်မာမစ္ဆားတရားတော်ကို အဆုံးသတ်ကြသည်။